Posts

Showing posts from April, 2020

Turbocharger

Image
Zawgyi >>>>>>> တာဗိုချာဂျာ (TURBOCHARGER) သိထားရမယ့် Basic Theory 1. Temperature & Pressure are directly proportional အပူ နှင့် ဖိအား တိုက်ရိုက် အချိုးကျပါတယ်။ T တိုးရင် P တိုးပါတယ်။ P တိုးရင် လဲ T တိုးပါတယ်။ According per (gas law) Gay-Lussac's law of pressure–temperature ပါ။ 2. Atmospheric Pressure ကမ္ဘာ့လေထုဖိအား (average sea level မှာရှိတဲ့ လေထုဖိအား) 10.1 N/cm2 or 101 kN/m2 (101 kilo pascals, KPa) or 14.7 psi or 1 Bar ရှိပါတယ်။ လေထုဖိအား နဲ့ ပင်လယ်ရေ မျက်နှာပြင် အမြင့် ပြောင်းပြန် အချိုးကျတယ်။ သဘောက ပင်လယ်ရေမျက်နှာပြင်ထက် မြင့်လာလေ လေထုဖိအားကျလေပါပဲ။ နိမ့်ရင်တက်ပါတယ်။ 3. Pressure သည် ရေလိုပါပဲ မြင့်ရာမှ နိမ့်ရာကိုစီးတယ် (pressure များရာမှ နည်းရာသို့သွားပါတယ်)။ ဥပမာ ပူစီဖေါင်း မှုတ်တယ် လူ့ပါးစပ်က pressure ပိုများလို့ နည်းတဲ့ (Atmospheric Pressure သာရှိတဲ့) ပူစီဖေါင်းထဲကို မှုတ်သွင်းနိုင်တယ်။ ထို့အတူ ပူစီဖေါင်းပေါက်တဲ့ အခါမှာ ပူဖေါင်းထဲက လေက Atmospheric Pressure ထက်များနေတော့ သူက ပြင်ပ Atmospheric Pressure ဆီကို Pressure Drop ဖြစ်ပြီး လျှော့န