မိန်းမ ဘယ်သွားသွား mask နဲ့သွားနော်
မိန်းမ ဘယ်သွားသွား mask နဲ့သွားနော်
နိုင်ငံခြား ရောက်နေတဲ့
ခင်ပွန်းဖြစ်သူက..
အိမ်မှာ ကျန်ခဲ့တဲ့ ရိုးအလွန်းတဲ့ဇနီးဖြစ်သူကို ဖုန်းနဲ့ လှမ်းမှာတယ်..
" မိန်းမရေ..အစ်ကို ပြောမယ် ။သေချာ နားထောင်နော် ''
" ဟုတ်ကဲ့..အစ်ကို ''
" အေး..အခုတလော ကိုရိုနာဗိုင်းရပ်စ် ဆိုတာ ..ဖြစ်ပွားနေတယ် မိန်းမရေ..''
" ဟုတ် ''
" အဲ့သည့်တော..မိန်းမ ဘယ်သွားသွား mask နဲ့သွားနော် '' 😷
" ဟုတ်ကဲ့ အစ်ကို ''
" အိမ်မှာ နေလည်း mask နဲ့ နေ..။အိုကွာ.. အိပ်ရင်တောင် mask နဲ့ အိပ်ကွာ ။ ဟုတ်ပြီလား '' 😷 😷 😷
" ဟုတ်ကဲ့ပါ အစ်ကိုရယ် ။ အစ်ကို့စကားကို မြေဝယ်မကျ နားထောင်ပါ့မယ် '' ... 🙇♀️
" အေးအေး..မှာချင်တာ.အဲ့ဒါပဲ ။ ယောက်ျား.. နောက် ခြောက်လဆို ပြန်လာရပါပြီ ။ ဒါပဲနော် မိန်းမ ''
" ဟုတ် အစ်ကို..''
*************
ခြောက်လ ခန့် ကြာတော့
ယောက်ျားဖြစ်သူ ပြန်ရောက်လာတယ်..
" မိန်းမရေ..ကို ပြန်လာပြီဟေ့ ''
" လာပြီ အစ်ကိုရေ''
မိန်းမက
မီးဖိုချောင်ထဲက ထွက်လာတယ်
ဒါကို
ယောက်ျားဖြစ်သူ မြင်တော့ အရမ်းအံ့သြသွားတယ်..
" ဟင်''
အကြောင်းက..
မိန်းမက ကိုယ်ဝန်ကြီးနဲ့လေ ... 🤰🤰🤰
.''..မိန်းမ။..မင်း မင်း..ဒါက..''
" ဟုတ်တယ်အစ်ကို ။ အစ်ကို မှာတဲ့အတိုင်း မတ်နဲ့သွား..မတ်နဲ့နေ..မတ်နဲ့အိပ်လိုက်တာ ။ အခုလို ဖြစ်သွားတာပဲ ''
" ဘာ! .. မတ်.။..မင်းက ဘယ် မတ်နဲ့ နေတာလဲ? "
" အစ်ကို့ညီ.နဲ့လေ ..''
" တိန်..! ''
😁 😁 😁 😁 😁 😁 😁 😁
ဟုတ်တယ်လေ
ယောင်္ကျားရဲ့ညီက..''မတ်'' ပဲဟာကို..

Comments
Post a Comment