မြန်မာဂန်းစတား (Real story)

မြန်မာဂန်းစတား

နံမည်ကား ထိန်လင်း။

( အရပ်ကမြင့်မြင့် အသားက ညိုတဲ့အထဲတော့ပါတယ် ဗလကောင်းကောင်းနဲ့ ဆိုတော့ ခုခေါတ် မင်းသား တွေထဲ လူကြမ်းမင်းသား အောင်ပိုင်လိုရုပ်မျိုး) 
သူက ရန်ကုန်သားတော့ မဟုပ်ဖူး ဒါပေမယ့် သိတတ်စအရွယ် အလယ်တန်းလောက်မှာ သူတို့မိသားစု ဗဟန်းကို ပြောင်းခဲ့ကျတယ်။ အဖေက မီးရထားဝန်ထမ်း အမေက မှီခို။ ဒီလိုနဲ့ ငယ်ဘဝကို ထ(၁) မှာ ဆယ်တန်းအောင် ပြီး တက္ကသိုလ် တက်မယ်လုပ်တုန်း အဖေဆုံးတော့ ညီမတစ်ယောက် ရယ် အမေရယ်နဲ့ စိတ်ကူးတို့ ရေပြင်ပေါ်လမ်းလျှောက်သလိုဖြစ်ခဲ့ရတယ်။ အမေကတော့ သားကြီးမို့ ပညာရေးဆက်တက် ပြီး အစိုးရဝန်ထမ်း သူ့အဖေလိုပဲ ပြန်ဝင်လုပ်စေချင်ခဲ့တယ်။

ဒါပေမယ့် ထိန်လင်းတစ်ယောက် သူနဲ့အသက်နှစ်နှစ်သာ ကွာတဲ့ ညီမလေးရဲ့ ပညာရေး အတွက် ကျောင်းဆက်မတက်ပဲ အလုပ်ပဲလုပ်တော့မယ် လို့ ဆုံးဖြတ်ပြီး ပညာရေးကိုကျောခိုင်းခဲ့တယ်။ အလုပ်ပဲ လုပ်မယ်ဆိုပေမယ့် ငယ်သေးတဲ့သူ့အတွက် ဘယ်ကစရပြီးအလုပ်စလုပ်ရမလည်း ပညာရေးကလည်း မဆုံးသေးတော့ အခက်တွေ့ခဲ့လေပြီ။

                                        

အချိန်ကား ၁၉၉၀။

ဤသည်ကား ထိန်လင်းရဲ့ အဖေ ရှိခဲ့စဉ်က သူ့အဖေရဲ့လုပ်ဖော်ကိုင်ဖက် ထဲကသားတစ်ယောက် မလေးရှားမှာ အဆင်ပြေနေတယ်ဆိုတဲ့သတင်းကို သူရခဲ့တယ်။ အဲ့ဒီမှာ ပညာရေးမစုံလင်သေး အလုပ်ကို ဘယ်ကစပြီး လုပ်ရမယ်မသိသေးသော ထိန်လင်း တိုက်ကြီးတွေ ထိုးထိုးထောင်ထောင်နဲ့ မိုးပျံရထား ရှိနေသော မလေးရှားမှာ အလုပ်လုပ်မယ်ဆိုတဲ့ စိတ်ကူးက ထိန်လင်းအတွက် ဆုံးဖြတ်ချက်ဖြစ်လာခဲ့တယ်။ ဒါနဲ့ပဲ ထိန်လင်း အမေ့ကို အပူကပ်ပါတော့တယ် မိခင်ဖြစ်သူကလည်း ပညာမစုံသေးသော သူရဲ့သား ဒီမှာနေလည်း အလုပ်ကြမ်းအလုပ်ပဲ လုပ်ရမှာ သိလေတော့ ဘာပဲဖြစ်ဖြစ် သူ့အမျိုးသားရဲ့ သူငယ်ချင်းသား ဆက်သွယ်သွားခဲ့ဖူးတဲ့ အေးဂျင့်နဲ့ ဆက်သွယ်ပြီး ရှိစုမဲ့စုလေးထုခွဲရောင်းချ ၍ အေးဂျင့်ခ ပေးကာ မျက်ရည် ဝဲလျက် ဝေး​ြေမတစ်နေရာစီ လွှတ်ခဲ့ရပါတော့တယ်။

( ထိုစဥ်က မလေးရှား သည် မြန်မာတို့အတွက် second နယူးယောက် ဖြစ်ခဲ့တုန်းအချိန်အခါ နဲ့ အေးဂျင့်ခမှာ အပြီးအစီး ​ြေခာက်သောင်းကျပ် ကုန်ကျပါတယ်)

အေးဂျင့်ကလည်း Passport အပ်ထား စရံ တစ်ဝက်ချေ ထားပြီး တစ်လနှစ်လ တော့စောင့်ရမယ်ဆိုတော့ 
ထိန်လင်းအတွက် တဣသိုလ် မှာ ကျောင်းအပ်ဖို့ အခွင့်သာခဲ့လေပြီ ဘာပဲဖြစ်ဖြစ် တဣသိုလ် ပထမနှစ် ဆိုတဲ့ ဂုဏ်လေးတော့ မလေးရှားထိ သယ်သွားလို့ရတယ်လေ ဆိုတဲ့ သူ့အမေရဲ့ လမ်းညွှန်မှုကလည်း အကျိုးရှိခဲ့တယ်။ ထိန်လင်း ကျောင်းသွားအပ်တယ် ဒဂုံတဣသိုလ် ကြီးထဲ သူငယ်ချင်းတွေကြားထဲ မလေးရှားသွားတော့မယ့် ထိန်လင်း မျက်နပန်းက တောက်ပါ့ လျက်ရှိတယ်။ တစ်ချိန်က ကိုယ့်ကိုဆို အဖတ်မလုပ်တဲ့ အတန်းတူတက် ကောင်မလေးတွေကတောင် ထိန်လင်း "နင် မလေးရှား ရောက်သွားလို့ ငါ့တို့ကို မမေ့သွားနဲ့ နော်လို့" ဆိုလာတော့ ထိန်လင်းတစ်ယောက် သွားဖြီးကြီးနဲ့ပေါ့။

အနောက်တိုင်းဝတ်စုံ အကျအန ဝတ်ထားတဲ့ ထိန်လင်း အရပ်မြင့်မြင့် လူကောင်ကလည်းထွားမို့ သိပ်ကြည့်ကောင်းနေတဲ့ သူ့သားအတွက် အမေဖြစ်သူက ရပ်ကွက်ထဲက အလှူမင်္ဂလာဆောင် တွေလိုက်ရိုက်တဲ့ ဓါတ်ပုံဆရာကို ခေါ်လာခဲ့တော့ ခံ့ညားလှသော လေဆိပ်ကြီးနဲ့ ထိန်လင်းတို့ မိသားစု အလှကြီး လှလျက်ပေါ့။ကဲအချိန်က တန်လာပြီး လေဆိပ်ကအော်တဲ့ အင်္ဂလိပ်စကားတွေ ကြားရနေပြီ ထိန်လင်းခွဲရတော့မယ်။ အိမ်မှာဆို ခနခနရန်ဖြစ်တဲ့ အငယ်မ​က ခုတော့ မျက်ရည် တွေနဲ့ပါလား ပါးစပ်ကလည်း ငိုသံပါကြီးနဲ့ ကိုကြီး ဖုန်းလေးဘာလေးဆက်ဦးနော် ပိုက်ဆံလည်း စုအုံး" ပြောလည်းပြော ငိုလည်းငိုနေသော အငယ်မကို ပုခုံးလှန်းဖက်လိုက်သူက ထိန်လင်းအမေ သူကိုယ်တိုင်ကတော့ မျက်ရည် အဝိုင်းသားနဲ့။

အမေ့ကိုသားကန်တော့မယ်နော်" ဆိုတော့ အမေကငိုပါလေကော မတတ်နိုင်တော့ဖူး မိသားစုရှေ့ရေး ထိန်လင်း ရင်ကော့ကာ စို့တက်လာတော့ မျက်ရည်ကို ခနမျိုသိပ်လို့ ထိုင်ကန်တော့လိုက်ပါတယ် ဘေးက ဓါတ်ပုံဆရာပါ ကန်တော့လိုက်တော့ မစီမဆိုင် သူကပါဆုတွေပေးနေတော့တယ်။ ကလေးက လိမ္မာပါတယ် အမရယ် ဆိုပြီး သူ့အမေကို လှည့်ပြောလိုက်သေးတယ်။

ထိန်လင်း လေယဉ်ပေါ်တက်ပြီလေ။( ထိုချိန်တုန်းက လေယဉ်ပေါ်တန်းမရောက် ဘတ်စ်က လာကြိုပေးရသေးတယ်) ထိန်လင်း လက်ပြနှုတ်ဆက်လို့မဝ ခုမှ မိသားစု သံယောဇဉ် ဆိုတာကြီးကို နားလည်နေမိလို့ သူနောင်တ တောင် ရနေခဲ့သေးတယ်။ နောက်မှသိရတာက အမေတို့က ငါ့သားလေယဉ်ကြီးပျောက်သွားတဲ့အထိ လက်ပြ နေခဲ့ကျတာတဲ့ ။

မလေးရှား လေဆိပ်ရောက်ပြီ ကိုယ်နားမလည်တဲ့ စကားတွေစတင်ကြားရပြီ တော်သေးရဲ့ သွားကျတာက အဖော် ခုနစ်ယောက်နဲ့မို့ သိပ်ကြောင်ကြောင်မဖြစ်မိဖူး လူရည်လည်တဲ့သူနောက်လိုက်ကျရင်း မလေးလဝကကို ဖြတ် ပြီး အထုပ်ရွေးတဲ့စီရောက် တော့ သူဝမ်းသာသွားတယ် "ဟာ မြန်မာစကားသံတွေကြားလိုက်ရတယ် ပြီးတော့ တယ်ဟုပ်ပါလား လေဆိပ်ထဲ မြန်မာတွေလည်း စျေးဆိုင် ဖွင့်ထားကျပါလားနဲ့ပေါ့ " တကယ်တော့ မြန်မာလူမျိုး မလေးပီအာ များဖြစ်ပြီး မလေးရှား နိုင်ငံသားခံယူထားကျသူများ Duty free က ဝန်ထမ်းတစ်ချို့ စကားပြောနေကျတာပါ။ "

အထုပ်ရွေးပြီး အပြင်ရောက်တော့ တဖက်က မြန်မာတစ်ဦး လာကြိုတော့ ဝမ်းသာသွားတယ်။( သူထင်တာက မလေးရှားက မြန်မာသူဌေး စီမှာ အလုပ်ရတော့မယ်ပေါ့ အိမ်ကထည့်ပေးလိုက်တဲ့ အကြော်အချက်လေးတွေ လက်ဆောင်ပေးအုံးမှပါ သူလည်းမြန်မာအစားအစာ လွမ်းနေလောက်ကောပေါ့လို့ တွေးလိုက်ပါတယ်) ဒါပေမယ့် နံမည်ခေါ်တော့ သူ့နံမည်မပါခဲ့ဖူး " ဟာသေပါပြီ အလိမ်ခံရပြီလို့ ထင်နေတုန်း ထိုသူက ကျန်တဲ့ညီတို့ကို မလေးတရုတ် ခပ်ဝဝနဲ့ ဂတုံးဆံပင်နဲ့ ဘယ်လိုပုံစံနဲ့ ပြောရုံမကဖူး လက်ထဲက visiting card လေးပါ ထားပေးခဲ့လိုက်တော့ ထိန်လင်းအပါအဝင် လေးယောက်ကျန်နေခဲ့ပါတယ်။ ခနလောက်ထပ်စောင့်တော့ ထိုလူရောက်လာပါတယ်။ရီကာမောကာနဲ့ Hello မင်္ဂလာပါ Myanmar Lar? Ok ok Good follow me မြန်မာလိုလည်းနှုတ်ဆက်သေး အီးလိုလည်း ပြောသေးရဲ့နောက်တော့ Passport စာအုပ်တွေ အကုန် သိမ်းသွားပြီး သူ့နောက်ကိုလိုက်ခဲ့ရပါတော့တယ်။

လေဆိပ်အပြင်ကို ရောက်တော့ ထိန်လင်း လို တောသားမြို့ရောက်သလိုပေါ့ ကောင်းမွန်လှတဲ့ ကားလမ်းတွေ သစ်လွင်တဲ့ တိုက်ကြီး တွေ အားပါးပါး အင်္ဂလိပ်ကားထဲက အတိုင်းပဲဟေ့ ဆိုင်ကယ်ကြီးတွေကလည်း မိုက်မှမိုက် အဲ့ @ဘယ်လိုပါလိမ့် အင်္ကျီ ပြောင်းပြန်ကြီးတွေ ဝတ်ပြီး ဆိုင်ကယ်မောင်းနေကျပါလားဟ ( အော် ဒါ လည်းစတိုင်နေမယ် ဟုတွေးလိုက်သေးတယ်) @

လမ်းတစ်လျှောက် မျက်တောင် မခတ် တမ်း ကြည့်နေသော ထိန်လင်း ခနကြာတော့ အိပ်တောင်ငိုက်လာပြီ ( ဘယ်များသွားနေတာပါလိမ့်တွေးမိသလို အေးဂျင့်ရုံးခန်းမှာ တွေ့ရတဲ့ Twin tower တွေဘာတွေများ မ​ေရာက်တော့ဖူးလား မသိပါဖူး စိုးရိမ်စပြုလာခဲ့လို့ ပါလာတဲ့ အချင်းချင်း လက်တို့ ပြီး ငါတို့တွေ ကို ဘယ်ခေါ်သွားမလို့လည်းမသိဖူးနော် ခုထိ မရောက်သေးဖူး စသဖြင့်တိုင်ပင်ပြောဆိုနေကျတော့ နည်းနည်းစူလာတယ်ထင်တယ် ခုနက လေဆိပ်မှာလာကြိုတဲ့သူက ကားမောင်းရင်း မင်းတို့ သွားရမယ့်နေရာက နည်းနည်းဝေးတယ် အိပ်ချင်အိပ်ကျအုံး လမ်းကျတစ်ခုခုဝင်စားလိုက်မယ် ငါလည်းဘာမှမစားရသေးဆိုတော့ " အော်သူငါတို့ ပြောတာကိုရိပ်မိပုံပေါ်တယ် မဆိုးပါဖူး လေပေါ့"

ဒီလိုနဲ့ဆက်သွားကျရင်း နောက်ဆယ်မိနစ်လောက်ကျတော့ လမ်းဘေး စျေးဆိုင်တန်းလေးတွေနဲ​့စားသောက်ဆိုင်တချို့ဘေးရပ်လိုက်ပြီး ကဲအိမ်သာတွေဘာတွေသွားကျ ပြီးရင် မကန်း လုပ်မယ် လို့ မလေးတစ်ဝက် အင်္ဂလိပ် တစ်ဝက်နဲ့ပြော ပြီး အိမ်သာရှိရာ ညွှန်ပြလေသည်။ ထိန်လင်းတို့ အနောက်တိုင်းဝတ်စုံကိုယ်စီနဲ့ အိမ်သာသွားကျတော့ လူတစ်ချို့ဝိုင်းကျ ကွက်ကြည့်နဲ့ပေါ့။ လာခေါ်တဲ့သူကတော့ ဆေးလိပ်သောက်နေလေရဲ့။

ဒီလိုနဲ့လာကြိုတဲ့သူဝယ်ကျွေးတဲ့ ထမင်းစားသောက်နေတုန်း သူက ဆက်ပြောတယ် နောက်ဆယ်မိနစ်လောက်ဆိုရောက်ပြီ မင်းတို့ အလုပ်က အဲ့မှာပဲ အဲ့မှာပဲနေရမယ်။ နေစရာစားစရာ ဘာမှမပူနဲ့ မင်းတို့သူဌေး ကျွေးလိမ့်မယ် အိုကေလား မေးတော့ အားလုံးပျော်ဘီလေ။ အချင်းချင်းတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ဝမ်းသာကျရပါတယ်။ ထမင်းစားပြီးဆက်သွားလိုက်တာ မှန်ပါတယ် ဆယ်မိနစ်လောက်ကြာတော့ ရောက်ပါပြီ။ လမ်းနဲ့မြို့အဝင်ကြည့်တော့ အကုန်လုံးက မလေးနံမည်တွေပဲ ရေးထားတော့ သိပ်တော့ ဘာသာမပြန်တတ်ဖူး ဖြစ်နေကျတုန်း သူတို့ကိုခေါ်လာတဲ့ မလေးတရုတ်က ဒါက "မာလကာ"လို့ခေါ်တယ် ရှေ့ဆက် နှစ်နာရီ သုံးနာရီလောက် ဆက်မောင်းသွားရင် စင်္ကာပူကိုရောက်ပြီ လို့ပြောမှ ကိုယ်တွေရောက်နေတဲ့နေရာသိတော့တယ်။ GPS တွေ Facebook တွေ မရှိတော့ location တွေဘာတွေ တင်လို့ဘယ်ရပါ့မလည်း။

ဒီလိုနဲ့ သူတို့ အိမ်ဝန်းကြီးထဲ မှာ ကိုယ့်အထုပ်ကိုယ်ဆွဲချနေတုန်း မလေးလင်မယား နဲ့ တခြား ဘင်္ဂလား သုံးလေးယောက် ထွက်လာကျပြီး လာစပ်စုကျတဲ့သဘောပေါ့။ ခေါ်လာတဲ့ မလေးတရုတ်က မိတ်ဆက်ပေးတယ် ဒါမင်းတို့ ဘော့စ်ပဲတဲ့ သူတို့က ဆီအုန်းလုပ်တယ် မင်းတို့ဒီမှာပဲ နေရာမှာတော့ မနေရဖူး နောက်ကျသူတို့မင်းတို့နေရာမယ့် နေရာကိုလိုက်ပို့ပေးလိမ့်မယ်။ အဲ့နောက် သူတို့အချင်းချင်းစကားတွေပြောကျပြီး လာပို့ပေးတဲ့ တရုတ် လက်ပြကာပြန်သွားလေသည်။

ထိန်လင်းတို့တစ်သိုက်လည်း ခနတဖြုတ်ထိုင်ရင်း ဘာလုပ်ရမှန်းမသိသေးတော့ တောကြည့်တောင်ကြည့်နဲ့ပေါ့။ အဲ့အချိန်မှာ သူဌေးက ထွက်လာပြီး မင်းတို့အေးဆေးနေနော် ခနနေ နေရမယ့် နေရာနဲ့ လုပ်ရမယ့်နေရာ ကိုလိုက်ပြပေးမယ် ဘာမှမပူနဲ့ မင်းတို့လိုမြန်မာတွေလည်းရှိတယ် အဖော်ရတာပေါ့။ထိန်လင်းတို့ ပျော်လိုက်ကျတာ ထီပေါက်တာထပ် ပိုပြီး ပိုမယ်ထင်တယ်။ မြန်မာတွေရှိတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် မသိတာမေးလို့ရပြီပေါ့လေ။

မကြာပါဖူး ထိန်လင်းတို့သူဌေး ထွက်လာပြီး နေရမယ့်နေရာကို ခေါ်သွားခဲ့တယ်။ အချိန်ကော စောနေသေးလို့ အဆောင်က တိတ်ဆိတ်လို့နေပါသေးတယ်။ဒီလိုနဲ့ ခြောက်နာရီလောက်ကျော်တော့အလုပ်ကပြန်လာတဲ့သူတွေပြန်ရောက်လာကျတော့ အဆောင်က အသံမျိုးစုံ ဘာသာစကားမျိုးစုံနဲ့မို့ ထိန်လင်းတို့ ဟိုလူ့ကြည့်ဒီလူ့ကြည့်နဲ့ လုပ်နေတုန်း မြန်မာစာကားပြောသံကြားတော့ သေချာပြီလေ သူတို့ရဲ့ အခန်းဖော် ဘော်ဒါတွေ ပဲဆိုတာ။

သူတို့က အခန်းထဲစဝင်တယ်ဆိုရင်ပဲ ညီလေးတို့က ဒီနေ့မှရောက်တာနဲ့တူတယ် အားလုံးလေးယောက် ပေါ့ သူဌေးဖုန်းဆက်ထားလို့ သိရတာ လိုတာရှိပြော ဟုပ်ပြီလား မနက်က ခုနစ်နာရီလောက်ကားလာကြိုမယ် အကိုတို့နဲ့ တူတူသွားရမယ် အလုပ်ကတူတူပဲ ခုကော စားသောက်ပြီးပြီလား ဆိုပြီး ပါးစပ်ကလည်းမေး အဝတ်အစားလည်းလဲနေရင်း စားရမယ်မထင်သေးဖူး ခနနေ အောက်ဆင်းပြီး တူတူသွားစားကျမယ်အဝတ်အစားတွေလဲထားလိုက်နော် အကိုရေသွားချိုးလိုက်အုံးမယ်။ ( နောက်တော့ သိရတာက သူတို့အလုပ်က Supervisor ဆိုတာဖြစ်ပြီး ဖြူးဇာတိ ဆိုတာသိခဲ့ရပါတယ်)။

ခနကြာတော့ ထိုသူနဲ့ သူရဲ့သူငယ်ချင်း မြန်မာအကို သုံးလေးယောက်ပါ ပါလာပြီး ထမင်းသွားစားကျပါတယ်။ ထမင်းစားနေရင်းထိန်လင်းတို့ လူသစ်ထဲက တစ်ယောက်က အကိုကျွန်တော်တို့အလုပ်က ဘာလုပ်ရတာလည်းဟင်ဆိုတော့ "ဆီအုန်းစိုက်တဲ့ခြံညီလေး လောလောဆယ် ညီတို့ လေးယောက်ရယ် ဘင်္ဂလား ခြောက်ယောက်ရယ် အကိုတို့ လေးယောက်ရယ် သူဌေးဝယ်ထားတဲ့ခြံအသစ်မှာ သွားလုပ်ရမှာ "

"အိုဗာတိုင်တော့ ရအုံးမှာမဟုပ်ဖူးခြံသစ်ဆိုတော့ မင်းတို့လည်းပညာရတာပေါ့ကွာ မသိတာရှိမေး တခြားနိုင်ငံမှာ ရောက်ပြီဆိုထဲက အကုန်လုံးက သင်ယူစရာတွေကြီးပဲပေါ့ အနည်းဆုံးစက်ပစ္စည်းတွေ ကိုင်တွယ်တတ် မောင်းတတ်ရင်ပဲ အမြတ်ရတာပေါ့ ဟုပ်ဖူးလား ခုကောညီတို့ တစ်ရက်ဘယ်လောက်ရလည်း "ဟု တခြားအကိုတစ်ယောက်က တစ်ဆက်ထဲမေးတော့ ကျွန်တော်တို့ကို တစ်လ ၁၂၀ နေစရိတ်စားစရိတ် ငြိမ်းနဲ့ ပါ ဆိုတော့ "မဆိုးပါဖူး ကွာ နောက်တော့တိုးပေးမှာပါ အလုပ်ကြိုးစားကျပေါ့"

ထိန်လင်းတို့ ဒီလိုနဲ့ နောက်ရက်တွေ အလုပ်စဆင်းရင်း ခုဆို အဆင်ပြေပြေ နဲ့ အလုပ်လုပ်လာခဲ့ကျတာ တစ်နှစ်ကျော်လို့ နှစ်နှစ်ထဲတောင်ပြည့်ပါတော့မယ်။ထိန်လင်းတောင် မလေးစကား တော်တော်ပြောတတ်နေပြီ ဖြစ်သလို မလေးမှာနေလာတဲ့ ကျင့်သားကလည်းရလာလို့ ပါမစ်နဲ့လာလုပ်တဲ့သူထပ် အိုဗာစတေးနေပြီး အလုပ်လုပ်ရတာက ပိုရတာလည်းသိလာတော့ ထိန်လင်း ဒီအလုပ်က ထွက်ချင်လာပြီလေ။

ဒီအလုပ်က ထွက်ပြီဆိုတာနဲ့ passport က သူဌေးသိမ်းထားတော့ သေချာပေါက် အို ပြီဆိုတာသိနေပေမယ့် တစ်ဆောင်ထဲနေကျတဲ့ တချို့ ဗမာတွေ အိုဘဝနဲ့ တစ်ရက် တစ်ဆယ်လောက်ရနေတော့ ထိန်လင်းအတွက် စိတ်အားကထက်သန်လို့နေပါတယ်။ ကဲဘာပဲဖြစ်ဖြစ် ထိန်လင်းသူ့နဲ့အတူလာကျတဲ့ သူငယ်ချင်းတွေကိုတိုင်ပင်တော့ အကုန်လုံးကလည်း မနက်ကနေ ည နာရီကုန်တာခြင်းတူပေမယ့် ရတဲ့ငွေကွာနေတော့ အကုန်လုံးက ထွက်မယ် အိုမယ် ဆိုတာကြီးပဲဖြစ်တာရယ် အလုပ်ကလည်း ခုထွက် တခြားအလုပ်က တန်းရနေတော့ ထိန်လင်းတို့အုပ်စု နောက်ရက် အလုပ်သွားမဆင်းတော့ပဲ အလုပ်သစ်နဲ့နီးတဲ့ တခြားနေရာကို ပြောင်းလိုက်ကျတယ်။ထိုနေရာကား ဂျလန်းဗာရိန်း အဆောင်တွေကအများကြီး လူတွေက လူမျိုးစုံနဲ့ ပျော်စရာကြီး အထူးသဖြင့် ဖားမ၊တွေ "အ" မတွေ များသလို ညနေကျ ဗမာတချို့ အဆောင်ရှေ့ ကွမ်းယာလိုက်ရောင်းတဲ့သူ၊ စာအုပ်ငှားတဲ့သူ၊ မူးယစ်ဆေးဖြစ်တဲ့ "ငါး" အပါအဝင် "ဖာသည်" လည်းပေါလှ၏။ ( ထိုအချိန်က ဝတ္ထု စာအုပ်တစ်အုပ် နဲ့ ကာတွန်းစာအုပ် နှစ်ခုတွဲ ရင်းဂစ် တစ်ကျပ် ပေးရပါတယ်)။

အဲ့အဆောင်မှာနေနေရင်း အိုဗာစတေးဘဝ နဲ့ အလုပ် လုပ်နေတဲ့ထိန်လင်း ခုဆို အလုပ်တောင် သုံးခုလောက်ပြောင်း ရင်း အပေါင်းအသင်းလည်းပေါသလို အသောက်အစားလေးကလည်း ကပ်လာခဲ့ပြီ။ အိမ်က အမေနဲ​့ညီမလေးကလည်း ထိန်လင်း ပို့ပေးတဲ့ ပိုက်ဆံနဲ​့အဆင်ပြေနေကျပြီး အမေဆို အခု အင်းစိန် ဂုံးကျော်တံတားအဆင်းက ရပ်ကွက်ထဲ ခြံဝန်းလေးဝယ်ပြီး ပြောင်းနေကျသလို အငယ်မလေးကလည်း ခုတဣသိုလ် ဒုတိယနှစ် တောင်ရောက်နေခဲ့လေပြီ။

ထိန်လင်းတို့လာကျတဲ့ လေးယောက်တစ်ဖွဲ့ကလည်း ခုဆို အလုပ်တွေ ပြောင်းနေကျရင်း ထိန်လင်း နဲ့ မျိုးညွှန့်သာ ခုထိ တွဲပြီးကျန်နေခဲ့ပါတော့တယ်။ မျိုးညွှန့်က ထိန်လင်းကို သိပ်ခင်သလို အရမ်းလည်းချစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ မျိုးညွှန့် အပြင်မှာ အလုပ်သွားလုပ်စဉ်က တစ်ရက် ကိုးကျပ်ဟုပြောပြီး ပိုက်ဆံရှင်းပေးတော့ ကြားခ ပွဲစားက ငါးကျပ်သာပေးခဲ့တုန်းက ထိန်လင်းသွားပြီး ကိုးကျပ်ရအောင် သွားတောင်းပေးထားတာကော နည်းနည်းပါးပါးလုပ်ရဲကိုင်ရဲသော ထိန်လင်းဟာ သူ့အတွက်သူငယ်ချင်းကောင်းတစ်ဦးပီသခဲ့ဖူးလေသည်။

ထိန်လင်းကလည်း မဟုပ်မခံတတ်တဲ့ စိတ်ကလည်းရှိသလို ငယ်စဉ် ကျောင်းသားဘဝတုန်းကလည်း လက်အလှုပ်အရွ လေးတွေ ရှိခဲ့ဖူးဖို့ မိဘ ကိုယ်တိုင် ကျောင်းသွားပြီး ခံဝန်လက်မှတ်ထိုး ခဲ့ဖူးတဲ့ဖြစ်စဉ်လေးတွေ ရှိသလို ထ(၁) နဲ့ စမ်းချောင်း(၃) ရိုက်ပွဲဖြစ်တုန်းကလည်း ရဲစခန်း ရောက်ခဲ့ဖူးသူဖြစ်ခဲ့သေးပါသည်။ဒါကြောင့် ထိန်လင်းအမေက သာလိမ်လိမ်မာမာနေနော် ဆိုတဲ့စကားထပ်ခါ မှာ ခဲ့ပေမယ့် မဟုပ်မခံ တတ် တဲ့ စိတ်အရင်းက တစ်ခါတစ်ခါ အတွန်းအတိုက်လေးတွေရှိခဲ့တယ်။

ဘာပဲဖြစ်ဖြစ် ထိန်လင်း အခုလုပ်နေတဲ​့အလုပ်က အေးဆေး နဲ့အေးရာအေးကြောင်း တစ်ရက် ရှစ်ကျပ် နဲ့ မြက်ရိတ်ရတဲ့အလုပ်။ မြက်ရိတ်တယ်ဆိုတာက လက်နဲ့ လိုက်ဖြတ်ရတာမဟုပ်ပဲ မြက်ရိတ်စက်ကို တွန်းပြီး လျှောက်သွားရတာဖြစ်ပြီး ထိန်လင်း လုပ်တဲ့ နေရာက မွေးမြူရေးခြံလုပ်ဖို့ ခြံရိုင်းကိုရှင်းရတဲ့အလုပ် သူဌေးကလည်းအေးဆေး ဆိုတော့ ထိန်လင်းညဆို ဝတ္တုစာအုပ် တစ်အုပ် ငှား ကွမ်းဝယ်ပြီး မနက်ဆို မြက်ရိတ်စက်ထဲ ဆီထည့် ခပ်ဝေးဝေးတောနက်ထဲ တွန်းသွား စက်ကိုနှိုးထားပြီး သူက အပင်အောက်ထိုင် စာအုပ်ဖတ် ထမင်းစားချိန်ကျ စက်သပ် ကားလမ်းဘေးအပင်အောက်အိပ် ၊ အိပ်ယာနိုးတဲ့အချိန်စက်ပြန်နှိုးဟိုနားတွန်းဒီနားတွန်း ညောင်းသွားတော့ အပင်အောက်စာအုပ်ထိုင်ဖတ် မြက်ရိတ်စက်တော့ နှိုးလျက်သား အသံပေးထားတဲ့သဘော။ သူအလုပ်လုပ်နေတဲ့နေရာက တောထဲဆိုပေမယ့် KL နဲ့ ဆို သိပ်မဝေး ကားနဲ့ဆို နာရီဝက်လောက်မောင်းရင်ရောက်ပါတယ်။

ဒီလိုနဲ့ တစ်ရက်မှာတော့ ထမင်းစားချိန် ထမင်းစားပြီး ကားလမ်းဘေးအပင်အောက် အိပ်နေတုန်း ဆိုင်ကယ်စက်သံကြားလို့ ထိန်လင်း သူဌေးအောက်မေ့လို့ အလန့်တကြားကြည့်လိုက်တယ်( သူနေတဲ့နေရာက ရုတ်တရက်ဆို ကားလမ်းပေါ်က လှန်းကြည့်ရင် မတွေ့နိုင်တဲ့နေရာ) သူတွေ့လိုက်ရတာက ဆိုင်ကယ်ပေါ်မှလူနှစ်ယောက် ဆိုင်ကယ်ပေါ်ကချက်ချင်းမဆင်းသေးပဲ ဟိုကြည့်ဒီကြည့်လုပ်နေပြီး သူတို့နှစ်ယောက်ကြားညှပ်ပြီး သယ်လာတဲ့ အဝတ်မဲနဲ့ပတ်သယ်လာတဲ့ ခပ်ရှည်ရှည် အလိပ်ကြီးကို ထိန်လင်းနားနေရာ ဘေးကပ်လျက် လမ်းဘေးမြောင်းထဲ ကန်ချ လိုက်ပြီး ဆိုင်ကယ်ကိုအကြမ်းပြန်မောင်းထွက်သွားပါတော့တယ်။

အဖြစ်အပျက်က မြန်သလို ထိန်လင်းပါးစပ်အဟောင်းသားဖြစ်နေသလို ခုနက ဘာကြီးပါလိမ့်ဆိုတာကလည်း သိချင်နေမိတယ်။ ကဲမထူးဖူးကွာဆိုပြီး ဆိုင်ကယ်မောင်း​ြေပးသွားတဲ့ဘက်ကိုလည်းတစ်ချက်လှည့်ကာ အသာလေး ​ြေမာင်းဘေးကပ်သွားပြီးကြည့်လိုက်ပါတယ်။ ဘာမှလည်းမဟုပ်ပါလား တွေးနေတုန်း အထုပ်က လှုပ်လာပါတော့တယ်။ရုတ်တရက် ထိန်လင်းလန့်သွားပါတယ် နောက်လည်းဆုတ်လိုက်တယ် ဒါပေမယ့် သိချင်စိတ်က လည်းပြန်တွန်းပို့လို့နေပါတယ်။ ကဲမထူးဖူးကွာ ဖြစ်ချင်ရာဖြစ်တော့ထိန်လင်း မြတ်ပေါင်းရှင်းတဲ့ဓါးကိုယူကာ အိတ်ကို ပွတဲ့နေရာကစပြီး ကောက်ဖွင့်လိုက်တော့ သူအတွက်အရမ်းကိုအံ့ဘြသွားခဲ့တယ်။"အထဲမှာ လူ တစ်ယောက် ဒဏ်ရာတွေနဲ့ပါလား"

ပါးစပ်ကလည်း "ဟာဒုက္ခပါပဲ " ဟုဆိုကာ မြန်မြန်လေး အိတ်ထဲ ခွဲသင့်တဲ့နေရာခွဲ ဖြဲသင့်တဲ့နေရာ ဖြဲပြီး မြန်မြန်ဆွဲထုတ် ကာ မြောင်းပေါ်မတင်ပြီး သူနားနေရာ အပင်အောက်ကို ပြေးကာ ရေဗူးထဲက ရေနဲ့ မျက်နှာနဲ့ ပါးစပ်ထဲ နည်းနည်းစီလောင်းထည့် လိုက်တော့ ဒဏ်ရာနဲ့လူ အသက်ရှူတာ မြန်လာပြီး မျက်လုံးနှစ်လုံးပါ သေချာဖွင့်လာခဲ့ပြီ ထိန်လင်းစိတ်အေးသွားတယ် တော်သေးရဲ့ သူ့လက်ထဲသေသွားရင် ဒုက္ခရောက်ပြီဆိုတဲ့ အတွေး ကိုလေပူမှုတ်ထုတ်ရင်း ဒဏ်ရာနဲ့လူကို ထူပြီးထိုင်ခိုင်းကာ ဘာလိုဖြစ်တာလည်း မေးလိုက်တော့ ပါးစပ်နဲ့ ဗိုက်ထဲက သွေးတွေ ထွက်ကျလာပါတော့ တယ် လှဲနေတုန်းက အထဲရောက်နေပေမယ့် ထထိုင်လိုက်တော့ စောင်းချလိုက်သလိုဖြစ်သွားတယ်ထင်ပါတယ် အဲ့ဒီမှာ ထိုလူက သူ့ကိုကယ်ပါကယ်ပါ ပဲပြောနေပြီး ဘာမှမေးလို့မရတော့လေပြီ ၊တော်သေးရဲ့ ထိန်လင်းမှာလည်း မလေးစကားကိုခုဆို တော်တော်လေးနားလည် ပြောဆိုတတ်နေတော့ သူပြောတာတွေ အကုန်နားလည်လို့နေပါတယ်။ ဒဏ်ရာနဲ့လူမှာတော့ မကြားတကြားတွေပြောနေရင်း သတိလစ်မေ့မြောသွားပါတော့တယ်။

ထိန်လင်း တိုင်ပတ်ပြီ ၊ဘယ်ကမှန်းလည်းမသိ ဘယဖြစ်လာမှန်းလည်းမသိ၊ တစ်ခုခုဖြစ်သွားရင်တော့ဒုက္ခ ထားခဲ့လိုက်ရအောင်ကလည်း ဒီနေရာက ထိန်လင်း မိုးလင်းမိုးချုပ် အလုပ်လုပ်နေတဲ့နေရာ။ ကဲမထူးတော့ ပြီ မတတ်နိုင်တော့ဖူး အပင်အောက် ခနထား ပြီး ထိန်လင်း မြက်ရိတ်စက်ကို မောင်းရင်း အတွေးတွေက များလို့နေပါတယ် စိတ်ထဲလည်း သေသွားပြီးလားမသိဖူး ဆိုတဲ့စိတ်နဲ့ ခနခန သွားကြည့်လိုက် နှာခေါင်းနား လက်နဲ့စမ်းလိုက်နဲ့ အလုပ်များနေပါတယ်။ သွေးကတော့ ထွက်နေတုန်းပဲ မို့ ဗိုက်ကိုလှန်ကြည့်လိုက်တာ အားပါးပါး ဓါးနဲ့ထိုးထား ခုတ်ထားတာတွေပါလား ဒါကြောင့်သွေးလွန်ပြီး မေ့သွားတာကိုးဆိုကာ ထိန်လင်း ထိုသူကို မချီကာ မြက်ရိတ်စက် က လက်တွန်းတဲ့ ကိုင်းပေါ် မှောက်တင်ပြီး ထိန်လင်း သူ့ကိုလမ်းသွားလမ်းလာများတဲ့ မိန်းလမ်းမကြီးဘက် ကားလမ်းနဲ့နီးတဲ့နေရာ နား သွားချထားလိုက်ပါသည်။ထို့နောက် မြတ်ရိတ်စက်ကို ပြန်သိမ်း တဲ့နေရာကို သွားကာ ( မြတ်ရိတ်စက်တွေသိမ်းတဲ့နေရာနဲ့က ငါးမိနစ်လောက် လျှောက်ရတယ်) အချိန်ကလည်း လေးနာရီလောက်ဆိုတော့ မထူးတော့ပြီ ထိန်လင်း စက်တွေသိမ်းတဲ့ Store က လူကို သူနေမကောင်းလို့ပြန်တော့မယ်လို့ပြောက ခပ်သုပ်သုပ်လေး ဒဏ်ရာနဲ့လူစီပြန်လာ လမ်းမပေါ်တက်ပြီး တွေ့သမျှ ကားတားနေပါတော့တယ်။

ကံကောင်းချင်တော့ ခြံကားlorry တစ်စီးကရပ်ပေးတယ်။ထိန်လင်း က ကူညီပါအုံး မြက်ရိတ်ရင်း ဒဏ်ရာ ရလို့ပါ လို့ညာပြောတော့ ထိုကားသမားကလည်း ပြာပြာသလဲလဲနဲ့ ကူညီရှာပါတယ်။( သူလည်း အလုပ်သမားတစ်ယောက်ဆိုတော့ ကိုယ်ချင်းစာမိတဲ့စိတ်ကြောင့်ထင်ပါတယ်) ဒီလိုနဲ့ ထိန်လင်းတို့ သူ့ lorry နဲ့ လိုက်လာကျရင်း လမ်းမှာ ထိန်လင်းတစ်ယောက် အတွေးများလို့နေပါတယ်။ (ဒါကတော့ ဘယ်မှာထားမလည်း)နောက်ဆုံးမထူးတော့ပြီ သူတို့လို အိုဗာစတေး သမားတွေအတွက်က နေရာ သိပ်မရှိ ဆေးရုံ သွားမရတော့ ထိန်လင်း သူနေတဲ့ နေရာ နှစ်ထပ်အိမ်အောက်ဘက် သူ့အိပ်ယာပေါ်ကိုပဲ ကားပေါ်က ဆင်းတာနဲ့ တွဲခေါ်လာခဲ့လိုက်တယ်။ ထိုနှစ်ထပ်အိမ်ကလည်း ထိန်လင်းတို့လို အိုဗာစတေး တွေပဲ နေကျတာ စုစုပေါင်း ဆယ့်ငါးယောက်လောက်ရှိမယ်ထင်ပါတယ်။ ခုချိန်တော့ အလုပ်သွားနေကျတော့ တိတ်ဆိတ်လို့နေပါတယ်။

အိပ်ယာပေါ်ရောက်တော့ သွေးတွေပေတဲ့ အဝတ်အစားတွေ ကိုလဲ မျက်နှာတွေဘာတွေ ရေနဲ့ ဆေးကြောပေး ပြီး သူ့အဝတ်အစားတွေ လဲ ပေးပြီး ခန္ဓာကိုယ်က ဒဏ်ရာတချို့ကို အိမ်မှာရှိတဲ့ မီးဖိုချောင်ဆေး နနွင်း မုန့် တွေပဲ သိပ်ထားပေးလိုက်တော့ သွေးတွေ ဘာတွေလည်း တိတ်သလောက်တိတ်သွားပြီ ။
ကိုယ်ထဲ စိုက်ဝင်နေတဲ့ ဒဏ်ရာတွေတော့ မရသေးဖူး ညကျမှ အဆောင်မှူးပြန်လာမှ သူ့ကိုအကျိုးအကြောင်းပြပြီး ဆေးခန်းလိုက်ပို့ခိုင်းရမယ်တွေးပြီး ညနေစာ ချက်ပြုပ်ဖို့ ပြင်နေလိုက်တယ်။ ညနေစာ ချက်ပြုပ်နေရင်း ထိန်လင်းနဲ့ အတူနေ သယ်ငယ်ချင်းပြန်ရောက်လာတော့ အခန်းထဲ လူစိမ်းတစ်ယောက်အိပ်နေတာမြင်တော့ ထိန်လင်းကို လန့်ပြီး အော်ခေါ်တော့မှ ထိန်လင်းအပြေးလေးသွားကာ အကျိုးအကြောင်း ခပ်တိုးတိုးရှင်းပြလိုက်မှ သူ့သူငယ်ချင်းလည်း သက်ပြင်းချသွားတယ်။

ညရောက်ပြီ ခက်တာက အဆောင်မှူး မလေးရှားလူမျိုး အဆောင်မှူးက ပြန်မလာသေးပေ။ ထိန်လင်း ဘာလုပ်ရမှန်းမသိညလည်း ကိုးနာရီတောင် ထိုးတော့မယ်။ ဒီလိုနဲ့ ထိန်လင်း အဆောင်မှူးနဲ့ ရင်းနှီးတဲ့ တခြားတစ်ယောက်ကိုမေးတော့ သူ KL ကိုခနပြန်သွားတာတဲ့ တစ်ညအိပ်ပဲဆိုတော့ ထိန်လင်းလည်း မတတ်နိုင်တော့ပြီ ဒီအချိန်မှ ဆေးခန်းလိုက်ပို့ရင်လည်း တိုင်ပတ်ပြီ နယ်ခံတစ်ယောက်လောက်ပါရင်တော့ မဆိုးဖူးတွေးမိပေမယ့် ဘာမှမတတ်နိုင်တော့။ မိမိကိုယ်တိုင်ကလည်း အို ဆိုတော့ ဆေးခန်းကိုသွားဖို့ လုံးဝ အဆင်မပြေ။

ခေါင်းငိုက်ကာ အိမ်ပြန်လာပြီး အခန်းထဲဝင်တော့ ခုနက ဒဏ်ရာနဲ့လူက ငုတ်တုတ်ထိုင်ကာ သူ့သယ်ငယ်ချင်းနဲ့ စကားပြော နေတာတွေ့တော့ ပျော်သွားတယ်။ သူဘယ်သွားနေတယ်ဆိုတာကို သူ့သူငယ်ချင်းက ရှင်းပြထားဟန်တူပါတယ်။ သူ့ကိုပြုံးပြကာ ကျေးဇူးတင်တဲ့ အကြည့်တွေနဲ့ပေါ့။ ထို့နောက် သူကိုယ်တိုင် မိတ်ဆက် ပါတယ်။ သူ့နံမည် က မလေးတရုတ် အကျုတ် ဖြစ်တဲ့ အကြောင်းနဲ့ သူ့မွေးမြူရေးခြံကိုလာရင်း လူစိမ်းများ ဝင်ရောက်တိုက်ခိုက် တာခံရကြောင်းနဲ့ အတိုချုံး ရှင်းပြကာ သူဖုန်းဆက်ချင်ကြောင်း တောင်းဆိုလို့ အပေါ်ထပ် အဆောင်က မြန်မာအကိုစီက ဖုန်း ခန သွားငှားပေးလိုက်ပါတယ်။( ထိုစဉ်က လူတိုင်းနီးပါးဖုန်းမကိုင်နိုင်သေးပါ)

အကျုတ်တစ်ယောက် ဖုန်းရတယ်ဆိုပဲ သူညီဆိုတဲ့သူကို ဖုန်းလှန်းဆက်ပြီး ထိန်လင်း တို့ကို နေရာမေးကာ လမ်းညွှန်နေပါတယ်။ ဖုန်းချပြီးတော့ ထိန်လင်းကို ကျေးဇူးတင်ကြောင်းနဲ့ သူ့အတွက်စိတ်မပူဖို့နဲ့ နောက် တစ်နာရီအတွင်း သူ့ ညီ လာတော့မှာဖြစ်တဲ့အကြောင်း ပြောပြီး လုပ်စရာရှိတာ သွားလုပ်ကျဖို့ ပြောသော်လည်း ထိန်လင်း တို့က သူအဖော်ရအောင်ဘေးမှာထိုင်ပေးရင်း အလုပ်အကြောင်း နဲ့ နံမည်လေးတွေမိတ်ဆက် နဲ့ စကားပြောရင်း အဖော်ပြုပေးနေကျတုန်း ထိန်လင်းတို့ အဆောင်ရှေ့ ကို ကားအနက်တစ်စီး နဲ့ ဆိုင်ကယ် လေးစီး လာရပ်လို့ အဆောင်ထဲ က အိုသမား တချို့ မျက်လုံးပြူး ပြီး ဒီအချိန်မှ ရဲလာဖမ်းတာ ခံရပြီ အထင်နဲ့ ကြောက်လန့်လို့နေကျတုန်း ဆိုင်ကယ်သမားတစ်ဦးဝင်လာပါတယ်။ ဒါကို အကျုတ်က လှန်းကြည့်ပြီး ခေါ်လိုက်တယ် ပါးစပ်ကလည်း ဒီကောင်တွေ မြန်သားပဲ လို့ ထိန်လင်းကို လှည့်ပြောလိုက်ပါတယ်။ ထိန်လင်းက မင်းပြောတော့ မင်းညီတစ်ယောက်ထဲဆို လို့မေးတော့ " သူ့သူငယ်ချင်းတွေပါခေါ်လာတာ နေမယ်လို့ပြန်ဖြေပါတယ်"

ထိုစဉ် ဆိုင်ကယ် ကော ၊ ကား ပေါ်မှ လူအားလုံးဆင်းလာကာ အကျုတ်ကို လာတွဲကျ ပြီး ကားပေါ် မတင်လိုက်ပါတယ်။ အကျုတ်ကလည်း လက်ပြကာ ထိန်လင်းတို့ကို ကျေးဇူးတင်ကြောင်းထပ်ပြောပြီး နောက်မှတွေ့မယ်ပြောကာ ထွက်သွားကျပါတော့တယ်။ ထိန်လင်းတို့လည်း ညက နက်နေပြီဆိုတော့ အိပ်ယာဝင်လိုက်ကျပါတော့တယ်။

ဒီလိုနဲ့ ထိန်လင်းတို့လည်း ကိုယ့်အလုပ်ကိုယ်လုပ်နေကျလာတာ နှစ်တစ်နှစ်ရဲ့ မြန်မာနှစ်ကူး သင်္ကြန်နားနီးတော့ ထိန်လင်းတို့နဲ့ အဆောင်မှာ ထိန်လင်းနဲ့မျိုးညွှန့် အပြင် ကိုငြိမ်းမင်း ဆိုသူ စုစုပေါင်းမှ သုံးဦးထဲမြန်မာ ဆိုလို့ သူတို့ပဲကျန်ပါတော့တယ် တစ်ချို့ ကျတော့လည်း တစ်ခြားနေရာများ ရေကြည်ရာမြက်နုရှာ ပြောင်းသွားကျလေရဲ့။ နောက်ဆုံး ကိုငြိမ်းမင်း က တခြား သူတွေနဲ့မနေတော့ပဲ ထိန်လင်းတို့ အခန်းလာပေါင်းနေလိုက်ပါတယ်။ သူက အသက်အကြီးဆုံးလည်းဖြစ်တော့ ထိန်လင်းတို့ကို သူညီလေးတွေသဘောထားတော့ သူတို့သုံးယောက်နေတဲ့အခန်းလေးက ကျဉ်းပေမယ့် ပျော်စရာအတိ။

ထိန်လင်းအတွက် ကံကြမ္မာ အလှည့်အပြောင်းလို့ ဆိုနိုင်မလား တစ်ရက်တော့ ကိုငြိမ်းမင်း မလေးရှား 4D ပေါက်ပါလေကော စုစုပေါင်း ရင်းဂစ် ခြောက်ထောင် တိတိရပါတယ်။ 4D ထွက်ချိန်က ညနေဘက်ဆိုတော့ ကိုငြိမ်းမင်းတင်မက ထိန်လင်းတို့ သူငယ်ချင်းနှစ်ယောက် ပါ ပိုက်ဆံထုတ် ပိုက်ရမယ့်အရေး ဝိုင်းပျော်လို့ စကားတွေဖောင်ဖွဲ့ မနက် ပိုက်ဆံရရင် ဆိုတဲ့အတွေးတွေနဲ့ အိပ်မပျော်နိုင်ပဲရှိကျလေသည်။ ကိုငြိမ်းမင်းကလည်း မင်းတို့ ကို တစ်ယောက် တစ်တစ်ထောင်ပေးမယ်ကွာ ကျန်တာတော့ ငါယူပြီး အောက်လမ်းကနေ ပြန်တော့မယ် ဆုံးဖြတ်ထားသူ ဒီလိုနဲ့ မနက်ဆို ကိုငြိမ်းမင်းက အလုပ်နားမယ် ပိုက်ဆံသွားထုတ်မယ် စားရေးသောက်ရေး အကုန်စီစဉ်ထားမယ် ညနေကျ ထိန်လင်းတို့ အလုပ်က ပြန်လာချိန် စားကျသောက်ကျမယ်ပေါ့ သင်္ကြန်အတွင်း စပါယ်ရှယ်ဝါးတီးနဲ့ လန်းမယ် ပေါ့ ဒီလိုအစီအစဉ်နဲ့ အိပ်ယာဝင်ခဲ့ကျပါတယ်။

မနက်ကျတော့ ထိန်လင်းတို့က ကိုငြိမ်းမင်း ကြီး အိပ်ယာမနိုးခင် အလုပ်သွားကျဖို့ပြင်ကျပြီ မျိုးညွှန့်က ကိုငြိမ်းမင်းကို သွားစပြီး သူဌေးမင်း ကျွန်တော်တို့ အလုပ်သွားတော့မယ် ညနေ ရှယ်ဖြစ်နေပစေနော် ဟု မှာခဲ့ကာ နှစ်ယောက်သား အလုပ်သွားကျလေသည်။

ညနေစောင်းတော့ ထိန်လင်းတို့ over time တောင် မလုပ်နိုင်တော့ဖူး အိမ်ပြန်ချင်စိတ်ပဲများနေကျပါတယ် အိမ်ရောက်ရင် စားမယ်သောက်မယ် ပေါ့ ကိုငြိမ်းမင်းလက်ရာက လည်းနဂိုထဲကကောင်းပြီးသားဆိုတော့ ထိန်လင်းတို့ အတွက် ပြောဖွယ်မရှိ အိမ်အပြန်လမ်း သွားရည်ကျကျနဲ့ ခြေသွတ်လို့နေပါတယ်။ ဒီလိုနဲ့ အိမ်ရှေ့ရောက် ထိန်လင်းသူတို့အခန်းဘက်ကြည့်တော့ တိတ်ဆိတ်လို့နေပါတယ်။ ထိန်လင်းကော မျိုးညွှန့်ကော တစ်ယောက်ကို တစ်ယောက် နားမလည်နိုင်ဟန်နဲ့ ကြည့်ကာ အခန်းတခါးတွန်းဖွင့်ဝင်လိုက်တော့ ကိုငြိမ်းမင်းတစ်ယောက် ငိုထားတဲ့မျက်နှာနဲ့ အင်္ကျီမှာလည်းသွေးတို့ပေလျက် " ဟာဘာဖြစ်တာလည်းကိုကြီး ဒုက္ခပဲ သွေးတွေပါကောလားဗျာ"

ဒုတိယပိုင်းဆက်ပါအုံးမည်>>> ဒုတိယပိုင်းတွင် 18+ များပါဝင်ပါမည် >>>

Comments

Popular posts from this blog

GOM player full version free download

Passport renew